ရွှေတောင် ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ မြို့နယ်အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်အစီအစဥ်အရ ဖွင့်လှစ်သော အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးပြီးမှ သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်/မောင်မယ်များ ကာယ၊ ဥာဏ၊ စာရိတ္တ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းပိတ်ချိန်ဖြစ်သော နွေရာသီအားလပ်ရက်များတွင် လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုတန်ဖိုးထားတတ်၍ အကျိုးရှိစွာ အသုံးချတတ်ပြီး အားကစားစိတ်ဓာတ်ရရှိလာစေရန်၊ အေရိုးဗစ်အားကစားနည်းသည် သွေးထဲသို့ အောက်ဆီဂျင်ပိုမိုရောက်ရှိစေသည့် ကိုယ်ကာယလှုပ်ရှားအားကစားနည်းဖြစ်သည့်အတွက် ကျန်းမာကြံခိုင်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကို (၁-၄-၂၀၂၄)မှ (၁၁-၄-၂၀၂၄) ရက်နေ့အထိ နေ့စဥ်နံနက်(၈)မှ (၁၁) နာရီအချိန်ထိ ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်း (၅)ကျောင်းမှတစ်ကျောင်းလျှင်(၂၀)ဦးဖြင့် သင်တန်းသားဦးရေ (၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)