ကျောက်တံခါးမြို့နယ်တွင် ရေများတဖြည်းဖြည်းစီးဆင်းရာမှ ချောင်းငယ်သဖွယ်ဖြစ်နေသော ရွာလယ်လမ်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကျောက်တံခါး နိုဝင်ဘာ ၆

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ နွန်းနီးယားကျေးရွာတွင် ရေများတဖြည်းဖြည်း စီးဆင်းရာမှ ချောင်းငယ်သဖွယ်ဖြစ်နေသော ရွာလယ်လမ်းအား မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု၍ တိုင်းတာစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရေများတဖြည်းဖြည်း စီးဆင်းရာမှ ချောင်းငယ်သဖွယ်ဖြစ်နေသော နွန်းနီးယား ကျေးရွာရှိ ရွာလယ်လမ်းမှာ အကျယ် ၁၈ ပေနှင့် အလျား ၃၇၀၀ ပေခန့်ရှိပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ရန်ပုံငွေဖြင့် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ကျေးလက်လမ်းဦးစီးဌာန တာဝန်ရှိသူ များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က ကွင်းဆင်းကြည့်ရှု တိုင်းတာစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရ သည်။
စန်းစန်း(ပြန်/ဆက်)