ကလေး ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ ဉာဏ်ဝေ (မြစ်သာမြေ) ရေးသား သည့် “နှင်းတောင်တန်းက ပန်းဥယျာဉ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဒေါ်မြင့်မြင့်ခိုင်က နှင်းတောင်တန်းကပန်းဥယျာဉ်စာအုပ်မှ ပါရမီဖြည့်ကြပါဆောင်းပါးများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)