ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ရှမ်းရွာသစ်    နိုဝင်ဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အတွက် အခြေချနည်းဗျူဟာမှ အရာရှိ/စစ်သည်များ စုစုပေါင်း (၃၀)ဦး  ကြိုတင်ဆန္ဒမဲထည့် ခြင်းကို ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ကြိုတင်ဆန္ဒ မဲပေး ခွင့်ရှိသူများတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးလျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းအနေဖြင့် အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ ဆန္ဒမဲပေး နိုင်ကြောင်းသိရသည်။

အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မဲရုံသို့မလာရောက်နိုင်သော သက်ကြီးအဘိုးအဖွားများအား အိမ်တိုင်ရာရောက် လိုက်လံ၍ ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရှမ်းရွာသစ်မြို့အနေဖြင့် မဲရုံပေါင်း (၁၆)ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ (၁၂၃၈၂)ဦးရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)