အင်္ဂပူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့် (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းကွင်းဆင်းဆောင်ရွက်

အင်္ဂပူ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အိုးကွဲကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံ၌ ယမန်နေ့ နံနက် (၉) နာရီ ၃၀ မိနစ်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်-၃ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်း၊ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်က နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် (Biometric Data) ဇီဝဆိုင်ရာအချက် အလက်များ ကောက်ယူခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား‌ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်-၃ ဖြင့် ပန်းတင်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ (၇၄)ဦးနှင့် (Biometric Data)  ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း(၁၀၂)ဦးတို့အား ကောက်ယူနိုင်ခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်-၃ ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)