မိုးညိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း များဆောင်ရွက်

မိုးညို နိုဝင်ဘာ ၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ် ကွက်ရှိ ပရဟိတအသင်း (YGW)ဘုန်းတော်ကြီး စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ သိကောင်းစရာများအား  အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့ မွန်းလွဲ ၁  နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောရာသို့ ကျောင်းသား/ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းသူမောင်က သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် သည့် လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးအန္တရာယ် စသည့်သဘာဝဘေးအန္တရာယ်များမှ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသိကောင်းစရာများအား ပြောကြားသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ရုပ်ပြ စာအုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဇာတ်လမ်းတိုများ ပြသခဲ့ပြီး ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးအတွက် Surgical Mask (၅)ဘူးနှင့် မုန့်ထုပ်(၂၀၀) ထုပ်အား ဝေငှပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)