သံတောင်ကြီးဒေသထွက် မရမ်းသီးအမှည့်များအား မရမ်းသီး‌ခြောက်များ ပြုလုပ်ရောင်းချလျက်ရှိ

သံတောင်ကြီး ဧပြီ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည်   တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မရမ်းသီးပင် စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး  ယခုအချိန်တွင် မရမ်းသီးမှည့်များ ဝယ်လိုအား နည်းသည့်အတွက် ဒေသခံပြည်သူများမှာ ရမ်းသီးအမှည့်များအား မရမ်းသီး‌ခြောက်များ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

မရမ်းသီးများ ပေါ်ဦးပေါ်စတွင် ဈေးကောင်းရရှိသော်လည်း ရင့်မှည့်ချိန်တွင် ဈေးနှုန်းကျဆင်းကာ ဝယ်လိုအားမရှိသည့်အတွက် မရမ်းသီးမှည့်များကို နှစ်ခြမ်းခွဲ၍ အစေ့ထုတ်ကာ အခြောက်လှမ်းကြသည်။ ထို့နောက် မရမ်းသီးခြောက်များကို မရမ်းယို ပြုလုပ်ရာတွင်လည်းကောင်း ၊ ဟင်းချက်ရာ၌ အသုံးပြုပြီး ဒေသခံပြည်သူများ ကြိုက်နှစ်သက်သည့် စားအစာတစ်မျိုးဖြစ်သည်။ 

မရမ်းသီးခြောက်များကို သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိ အသီးအနှံ ရောင်းဝယ်သူများထံ သွားရောက်ရောင်းချပြီး တစ်ပိဿာလျှင် ကျပ် (၅၀၀၀) မှ ကျပ် (၆၀၀၀)ထိ ရရှိသောကြောင့် မရမ်းသီးခြောက် ပြုလုပ်လုပ်ကိုင်သူများမှာ မိသားစု အပိုဝင်ငွေ ရရှိကြောင်း မရမ်းသီးခြောက် လုပ်ကိုင်သူ ဒေါ်တော်နော်ထံက သိရသည်။

နော်နော်မူ