မင်းလှ(အောက်) နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် မဲရုံများ၌ လိုအပ်လျှင်အသုံးပြုရန်အတွက် ကျန်းမာရေးသုံး ပစ္စည်းများ ထုတ်ပေးခြင်း ကို ယနေ့ နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် အဖွဲ့ဝင် များတို့က မဲရုံ(၁)ရုံအတွက် လက်အိတ် (အိတ်နှင့်လက်အိတ်) (၅)ခု၊ လက်အိတ် အပြေများ၊ Face Shield (မျက်မှန်ပါ) (၅)ခု၊ PPE မျက်မှန် (၅)ခု၊ Surgical Gown ( level-3) (၁) ထုပ်၊ Surgical Gown ( level-4) (၂)ထုပ်၊PPE ဝတ်စုံ(Coverall) (၅)ထည်၊ လည်ရှည်ဖိနပ်(၅)စုံ၊ ဒူးကာ (၅) ခု၊ ခေါင်းစွတ်(၅)ခုစီ ပစ္စည်းများကို ရပ်ကွက်/ကျေးရွာပေါင်း(၆၆) အုပ်စုရှိ မဲဆန္ဒနယ်မြေ(၁)နှင့်မဲဆန္ဒနယ်မြေ(၂)မှ မဲရုံပေါင်း (၁၁၇)ရုံအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံ စနစ်တကျ ထုတ်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးသုံးပစ္စည်းများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများအတွင်းရှိ မဲရုံများ၌ တာဝန်ယူဆောင်ရွက်မည့် သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရေးတကြီး လိုအပ်ချိန်တွင် အသုံးပြုနိုင်ရေး အတွက် ထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
ပေါက်စ (မင်းလှ)