ကန့်ဘလူမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကန့်ဘလူ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ဧပြီ ၁၀ ရက်နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး ဦးဇော်လင်းနှင့်တပ် ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးသတ်ဆေးဘူးထားရှိမှုနှင့် အသုံးပြု၍ရမရ စစ်ဆေးခြင်း၊ မီးလောင်မှုဖြစ်ပွားခဲ့ပါက မီးပြန့်ပွားနိုင်မှု၊ ကာကွယ်နိုင်ခြင်းရှိမရှိကို စစ်ဆေးခြင်း၊ မီးသတ်ယာဥ် အလွယ်တကူဝင်ရောက်နိုင်မှု စစ်ဆေးခြင်း၊ စက်သုံးဆီသိုလှောင်ကန်များ၌ အပူလျှော့ချရန်အတွက် တပ်ဆင်ထားသည့် ရေဒလက်(ရေပန်း)များ အသုံးပြု၍ရမရ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်၊ ရေစင်များစစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်ဆောင်ရွက်ထားရှိမှု စစ်ဆေးခြင်း၊ မီးလောင်လွယ်သည့်ချုံနွယ်များ ရှိမရှိစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များနှင့် မီးသတ်စခန်း အကွာအဝေးတွက်ချက်ခြင်း၊ လျှပ်စစ်သုံးစွဲမှုများအား စစ်ဆေးခြင်းဖြင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)