ပေါက်ခေါင်း ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့လယ်လေးမျက်နှာစေတီတော်ကြီး မဟာသန္တာဝါသ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပညာဇောတာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် မဟာဂန္တဝါစက ဘဒ္ဒန္တမဟိန္ဒအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) မြို့နယ်သာသနာရေးမှူး ဦးစိုးတင့်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပြီး၊ (၃၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းရာ ပထမလတ်တန်း (၁) ပါးနှင့် အခြေပြု မူလတန်း(၁၁) ပါးတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကုသိုလ်ပြုပါဝင်လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချအမျှပေးဝေပြီး၊ "ဗုဒ္ဓသာသနံ စိရံတိဠတု" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)