မြောင်းမြခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ ဧပြီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ မွန်လွဲ (၁) နာရီအချိန်က ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားရာ မြောင်းမြခရိုင်၏ စီး‌ပွားရေး GDP သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်း တိုးတက်လာတာတွေ့ရကြောင်း၊ ယခင်နှစ်များ၏ အားနည်ချက်များ၊  အတွေ့အကြုံများကို နမူနာယူပြီး ယခုနှစ်အတွက် ဒေသန္တရစီမံကိန်များကို ရည်မှန်းချက်အောင်မြင်အောင် အချိန်ကိုက် ပြီးစီးအောင် ရည်မှန်းချက်ပြည့်မီကျော်လွန်ရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းတာဝန်များကို ပေးအပ်ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများအား ‌ဒေသန္တရ စီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်အစီအစဉ်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခရိုင်အတွင်း အခြေခံစာတက်မြောက်ရေးသင်တန်းတွင် သင်ကြား ပြသပေးနေသော နည်းပြ (၃၂၆) ဦးနှင့် ကြီးကြပ် (၃၃) တို့အတွက် တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၅၉၀၀၀၀) ကျပ်အား ‌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်နှင့် မြို့နယ်များရှိ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)