ဒေးဒရဲ ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲများ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများနှင့် သင်တန်းများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူကုန်ကူးမှုဆိုင်ရာ ဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူကုန်ကူးမှုဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှု မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် မြို့နယ်အတွင်း လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ဥာဏစွမ်းရည်ပြိုင်ပွဲများနှင့် ကဗျာရေးသားနည်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန် ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း