ကျွန်းစု ဧပြီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၈)နာရီခွဲက ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ အ-လ-က (တီးပူ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က Gender အခြေခံသဘောတရားများနှင့် အဓိပ္ပာယ်၊ ကျား/မ ရေးရာ စံနှုန်းများ၊ အခွင့်အလမ်း မတူညီမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီး ကာကွယ်ပေးရန်နှင့် စသည့်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်း က အားကစားပြုလုပ်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများနှင့် အားကစားနှင့်ကာယသိပ္ပံကျောင်း တက်ရောက်နိုင်ရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး နံရံကပ် ဗွီနိုင်းများ ခင်းကျင်းပြသခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)