ထားဝယ်မြို့နယ်တွင် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပတ်နှင့် 191 စတစ်ကာများ ဖြန့်ဝေ

ထားဝယ်    ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ပြည်သူများအား မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပတ်နှင့် 191 စတစ်ကာများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာနေရာဖြစ်သည့်ထားဝယ်မြို့၊ ဇရစ်ရပ်၊ မြို့မဈေးအနီး ခရီးသွားလာပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပတ် နှင့် 191 စတစ်ကာများ ဖြန့်ဝေခဲ့ကြသည်။

အသိပညာပေးလက်ကမ်းစာစောင်တွင် မီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းများ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန်ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးဘေးနှင့်သဘာဝဘေးကြုံတွေ့လာပါကဆက်သွယ် ဆောင်ရွက်ရန်စသည့် ပညာပေးအချက် အလက်များပါဝင်သည့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့်  မီးသတ်တပ်ဖွဲ့သို့အရေးပေါ် ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် တယ်လီဖုန်းနံပတ် 191 စတစ်ကာအသေးများအား မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်များတွင်ကပ်ပေးခြင်း၊ 191 စတစ်ကာများကိုအများ ပြည်သူမြင်နိုင်သောနေရာများတွင် ကပ်နှံပေးခြင်းများကိုကျယ််ပြန့် စွာဝေငှဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)