ပလောက်မြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191)စတစ်ကာများ ကပ်ခြင်းများ ဆောင်ရွက်

ပလောက် ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191)စတစ်ကာများ ကပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အတွင်းရှိ လူစည်ကားသောနေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဗဟိုလမ်းမကြီး၌ မြို့နယ်အတွင်း မီးလောင်မှုလျော့နည်းစေရန်အတွက် မီးဘေးကြို တင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ်များ ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီဆက်သွယ်နိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ် (191)ပါရှိသည့် စတစ်ကာများ ကပ်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)