သံတောင်ကြီးမြို့တွင် (၂၉) ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကျင်းပ

သံတောင်ကြီး  ဧပြီ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နော်ဘူဘောဆုတောင်းတောင် ကော်မတီများမှ ဦးဆောင်၍ (၂၉)ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၃) နာရီအချိန်က သံတောင်ကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် မှဆရာတော်မူးယွာထူးက အဖွင့်ဆုတောင်းပေး ခြင်း၊ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို နော်ဘူဘောဆုတောင်းတောင် ကော်မတီအဖွဲ့ဝင် ဦးစောခရစ္စ တိုဖာက ပြောကြားပြီး ဘော်လီဘောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ရပ်ကွက်(၂)အသင်းမှ တောပြာကြီးကျေးရွာအသင်းကို (၂) ပွဲ(၁)ပွဲအဖြစ်လည်းကောင်း၊ ကျွဲဖြူတောင်ကျေးရွာအသင်းက ရပ်ကွက် (၃) ကို (၁)ပွဲ (၁)ပွဲသရေအဖြစ် လည်းကောင်း၊ မောင်နွဲ့ကြီးကျေးရွာအသင်းက ရပ်ကွက်(၄) အသင်းကို (၁)ပွဲ အပြတ်ဖြင့်လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၂၉)ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကိုဧပြီလ(၁၀)ရက်နေ့မှ(၁၃)ရက်နေ့အထိ သံတောင်ကြီးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှအသင်း (၁၃) သင်းအဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ