မင်းတုန်းမြို့နယ် မှန်ကျေးရွာအုပ်စု ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

မင်းတုန်း ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် မှန်ကျေးရွာအုပ်စု မှန်(ရွာမ)နှင့် မှန်(ကျွန်းတော)ကျေးရွာ တို့တွင် မတ်လ ၂၁ ရက်နေ့က တောမီးမှတဆင့် နေအိမ်(၁၅၃)လုံး မီးလောင်ကျွမ်းခြင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်း ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မီးလောင်ပြင်အား မြေညှိပြီးဖြစ်၍ အိမ်ကွက်ရိုက်နိုင်ရန် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းတို့က ရွာတွင်းလမ်းမနှင့် လမ်းသွယ်များအတွက် နေရာသတ်မှတ်တိုင်းတာခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ မိုးကာရေကန်နှင့် ဆိုလာရေတင်စနစ်တို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)