မေတ္တာ၊ နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး ကလစ်ကြီးကျေးရွာ၊ ယာယီမဲရုံ ပြင်ဆင်ဆောက်လုပ်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောက်လုပ်ထားသောမဲရုံတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရန်နှင့်ပတ်ဝန်းကျင်တွင် မီးဘေးမတော်တဆဖြစ်ပွားမှုရှိခဲ့ပါက အလွယ်တကူ မီးငြိမ်းသတ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြီးကြပ်ခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါကြီးကြပ်ဆောင်ရွက်ရာတွင် မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း ဦးဆောင်သောအဖွဲ့က မေတ္တာမြို့၊ ကလစ်ကြီးကျေးရွာ ကျေးရွာကော်မရှင် အဖွဲ့များနှင့်တွေ့ဆုံ၍ ယာယီမဲရုံ ပြင်ဆင်ဆောက်လုပ်နေမှု နှင့် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည မဲရုံဝန်ထမ်းများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရန်နောင်စိုး မေတ္တာ(ပြန်/ဆက်)