လပွတ္တာမြို့နယ်၌ မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

လပွတ္တာ ဧပြီ ၁၀

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် လပွတ္တာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ကမ်းနားလမ်းရှိ လွမ်းလို့မပြေရွှေတာမြေ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

လပွတ္တာမြို့နယ်တွင် မြန်မာ့ရိုးရယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကြိုနေ့တွင် လွမ်းလို့မပြေရွှေတာမြေဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ပြီး သင်္ကြန်အကျနေ့နှင့်အကြတ်နေ့မနက်ပိုင်းတွင် အဆိုတော်များမှ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခြင်း၊ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း တို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။ အကျနေ့နှင့်အကြတ်နေ့ ညနေ (၆) နာရီမှစ၍ ယိမ်းပြိုင်ပွဲကို လပွတ္တာမြို့ပေါ်ရှိရပ်ကွက် (၉) ခုမှ ယိမ်းအဖွဲ့ (၉) ဖွဲ့က ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး မဟာသင်္ကြန်အတက်နေ့တွင် လပွတ္တာမြို့နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ယိမ်းအကပြိုင်ပွဲ၊ ဆုပေးပွဲနှင့်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။ နှစ်ဆန်း (၁) ရက်နေ့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူမူ