တောင်ငူ နိုဝင်ဘာ ၆
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ မဲပေးရမည့်နည်းလမ်းများ သိရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့တွင်း စည်ကားရာနေရာများ ၊ လမ်းဆုံနေရာများ ၊ လမ်းသွားလမ်းလာပြည်သူများ ၊ နေအိမ်များ၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ဝန်ထမ်းများက မဲပေးရမည့် နည်းလမ်းများ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြပြီး ``ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ´´ ၊ ``မဲပေးရမည့်နည်းလမ်းများကို တစ်ဆင့်ပြီးတစ်ဆင့်ကြည့်ရှုပါ´´ ပိုစတာများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် ခရိုင်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်လည်းကောင်း ၊ ပြည်သူ့စာကြည့်တိုက် အဝင်ပေါက်တွင် လည်းကောင်း ပြသထားလျက်ရှိကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)