စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊‌ မခေါက်ကျေးရွာတွင် ကိုဗစ်-၁၉ကာလအတွင်း မြစိမ်း ရောင် စီမံကိန်းရန်ပုံငွေများကို ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေး

ရွှေဘို နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊မခေါက်ကျေးရွာတွင် ကိုဗစ်-၁၉ ကာလအတွင်း မြစိမ်း ရောင်စီမံကိန်းရန်ပုံငွေများကို ယနေ့ နံနက် ၁၀နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆဌမနှစ်သက်တမ်းအတွက် ထုတ်ချေးပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုရန်ပုံငွေများကို  မိမိတို့ကျေးရွာရှိ မြစိမ်းရောင်လုပ်ငန်းများ ရေရှည်အကျိုးဖြစ်စေရန် စီမံကိန်း အသင်းဝင်များနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ကြရန်၊ ထုတ်ချေးပေးသည့် ချေးငွေ များကိုလည်း မိမိတို့လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်ထိရောက်စွာ အသုံးပြုကျရန် လိုအပ်ကြောင်း၊ ထိုသို့လုပ်ကိုင်ပြီး အတိုးရငွေများ တိုးပွားလာမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မြစိမ်းရောင်အသင်းဝင်များကို ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမြင့်မှ ပြောကြား ခဲ့သည်။

၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင်စတင်ဆောင်ရွက်ခဲ့သော မခေါက်ကျေးရွာမြစိမ်းရောင် စီမံကိန်း ဆဋ္ဌမနှစ်သက်တမ်းအတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ(၂၁၆)ဦး ၊မွေးမြူရေးလုပ်ကိုင် သူ(၁၃၂)ဦး ၊အရောင်းအဝယ်လုပ်ငန်း(၁၃)ဦး ၊ရေလုပ်ငန်း(၁၃)ဦး ၊ကုန်ထုတ် လုပ်ငန်း ()ဦး၊စုစုပေါင်း(၃၇၅)ဦး၊ ထုတ်ချေးငွေပေါင်း(၆၅၅၀၀၀၀၀)ကျပ်ကို မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူနှင့် ဝန်ထမ်းများမှလိုက်ပါကြီးကြပ်၍ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ထုတ်ချေးပေးမှုအား ဆောင်ရွက်ခဲ့ပါသည်။

ထွန်းမြင့်အောင်(ရွှေဘို)