ကလိန်အောင်မြို့အတွင်းရှိ မဲရုံများတွင်မီးဘေးလုံခြုံမှုရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေး

ကလိန်အောင်၊ နိုဝင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ တည်ငြိမ်အေးချမ်းစွာ မဲပေးနိုင်ရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်က ကွင်းဆင့်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်သောအဖွဲ့က ရွေးကောက်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိသော မဲရုံများတွင် လျှပ်စစ်မီးသွယ်တန်းထားရှိမှုများနှင့် စပ်လျဉ်းပြီး အဆင်ပြေမှု ရှိ/မရှိ၊ လုံလောက်သောအလင်းရောင် ကောင်းစွာ ရရှိစေရေးနှင့် လျှပ်စစ်အန္တရာယ် ဘေးကင်းလုံခြုံမှု ရှိ/မရှိ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)