ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူနှင့် ဖာပွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တို့မှ မဲရုံများကြိုတင်ပြင်ဆင်နေမှုများကို ကွင်းဆင်းစစ်ဆေး

ကမမောင်း၊ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသော ဦးတင်မောင်ဝင်း၊ ဖာပွန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု၍စစ်ဆေးခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို မဲရုံများမှအဆင်ပြေချောမွေ့စွာ ဖြင့်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက်ကြိုတင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ကမမောင်းမြို့အတွင်း မြို့ပေါ်ရပ်ကွက်(၄)ခု၌ မဲရုံ(၆)ရုံ၊ ကျေး ရွာအုပ်စု(၃)စု၌ မဲရုံ(၅)ရုံ၊ စုစုပေါင်းမဲရုံ(၁၁)ရှိပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၅၀၄၀)ဦး ရှိကြောင်း၊ ဖာပွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရှိရသည်။

 လင်းသန့်(ပြန်/ဆက်)