လက်ပံတန်း နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ကျန်းမာရေး စိတ်ချလုံခြုံစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သောနေရာများတွင် ယာယီမဲရုံ တည်ဆောက်နေမှုအား တာဝန်ရှိသူများမှ ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်းသိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင် သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းဦးဆောင်သော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လက်ပံတန်းမြို့နယ် ယွန်းသွယ်ကျေးရွာအုပ်စု စာဖြူစု ကျေးရွာ မဲရုံအမှတ်(၁)၊ ဗောဓိပင်ကျေးရွာအုပ်စုရှိ ဗောဓိပင်ကျေးရွာမဲရုံအမှတ်(၁)၊ ချောင်းဆုံကျေးရွာ မဲရုံအမှတ်(၂) တော်ကွဲကျေးရွာမဲရုံအမှတ်(၃) တည်ဆောက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုဖြည့်စွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ဝင့်နန္ဒာဌေး