ဘားအံ နိုဝင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးမည့် ဦးရေ ၅၉၁၂၄ ဦးရှိသည့်အနက် နိုဝင်ဘာလ ၄ ရက် နေ့ထိ ၅၇၄၆၈ ဦး ကြိုတင်ဆန္ဒမဲပေးပြီး၍ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၂ ရာခိုင်နှုန်း ဆန္ဒမဲပေးပြီးကြောင်း ဘားအံ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဘားအံမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ အသက် ၆၀ နှစ်နှင့်အထက် အဘိုးအဘွားများ၊ ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများ၊ အထူးရဲများ၊ နားမကျန်းဖြစ်နေသူများ၊ မသန်စွမ်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၊ မဲရုံများတွင် ကြိုတင်ဆန္ဒမဲပေး စေ၍သော်လည်ကောင်း၊ မဲရုံသို့ကိုယ်တိုင်မလာရောက်နိုင်သူများကို အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း ဆန္ဒမဲ ကောက်ခံပေး၍သော်လည်ကောင်း၊ ကိုဗစ် ၁၉ အတည်ပြုလူနာများနှင့် Quaratine Center များတွင်ရောက်ရှိနေထိုင်သူ များကို ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် ဆန္ဒမဲပေးစေ၍သော်လည်ကောင်း ကြိုတင်ဆန္ဒမဲပေးစေခဲ့ရာ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့ထိ ကြိုတင်ဆန္ဒမဲပေးပြီးသူ ၅၇၄၆၈ ဦးရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)