မင်းလှ၌ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်

မင်းလှ ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက မီးလောင်ကျွမ်းပျက်ဆီးဆုံးရှုံးသွားသော နေအိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ခြင်းကိုဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်း၊ ကြက်‌ခြေနီတပ်ဖွဲ့တို့က ညောင်သုံးပင်အုပ်စု၊ သပြေစမ်းကျေးရွာတွင် ဧပြီလ ၈ ရက် ညပိုင်းကဖြစ်ပွားသော မီးဘေးမှ လောင်ကျွမ်းပျက်စီးလူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁)သိန်းကျပ်၊ ၎င်းနေအိမ်များရှိ မီးဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀) ကျပ်နှင့် ကယ်ဆယ်‌‌ရေးပစ္စည်း (၁၇) မျိုးပါ ပလတ်စတစ်ပုံး (၁) ပုံးအား လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ