ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်း၌ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်

ပိုင်ကျုံ ဧပြီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်အတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီး‌‌ဆုံးအောင် မသင်ကြားနိုင်သည့်ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဧပြီလ ၆ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာသင်ဝိုင်းများကို မြို့နယ်ပညာရေးမှူးကြီးကြပ်မှုဖြင့် စာသင်ဝိုင်း (၁) ဝိုင်းလျှင် သင်ကြားရေးဆရာ/မ () ဦးစီဖြင့် သင်ကြားဆောင်ရွက်ခဲ့ပြီး စာတတ်မြောက်ရေး လာရောက်သင်ကြားသူများအား တစ်ဦးလျှင် ဗလာစာအုပ်၊ ခဲတံနှင့် ပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ မိုးနိုင်းကြီးကျေးရွာနှင့် မိုးနိုင်းတောင်ကျေးရွာတို့တွင် စာသင်ဝိုင်း (၁) ဝိုင်း စီဖွင်လှစ်ထားလျက်ရှိပြီး ယင်းစာသင်ဝိုင်းကို ဧပြီ ၆ ရက် မှ မေလ ၁၅ ရက်နေ့အထိ (၁၀) ရက်ကြာ  ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)