ပန်းတနော်၊ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် အလယ်ပိုင်း ရပ်ကွက် (River View) တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
ပန်းတနော်မြို့နယ်ရှိ ပြည်သူများ မဟာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာရေကစားနိုင်ရေး လမ်းလျှောက် သင်္ကြန်ပွဲတော်ကို (River View) တွင် ဆောက်လုပ်လျက်ရှိပြီး ရေကစားမဏ္ဍပ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများမှ ယိမ်းအကများဖြင့်ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)