မကွေး ဧပြီ ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြသလွန်စေတီတော်ကြီးသို့ သွားရောက်၍ ယဉ်ကျေးလိမ္မာသင်တန်းသင်ကြားနေသော ရှင်သာမဏေများအား ဖူးမြော်ာ်ကြည်ညိုပြီး နေ့ဆွမ်းများလောင်းလှူခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရှင်သာမဏေများအား ယဉ်ကျေးလိမ္မာသင်တန်း ပို့ချနေမှုကို ဖူးမျှော် ကြည်ညိုပြီး နေ့ဆွမ်းများ လောင်းလှူခဲ့သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ရှင်အပါး(၅၆၀၂)အား တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုး ပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီးတွင် ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ၍ သာသနာ့ဘောင်သို့ သွင်းသွင်းပေးခဲ့ပြီး ရှင်သာမဏေများအား တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်ပို့ဆောင်၍ သင်တန်းကို ဧပြီလ (၈)ရက်နေ့မှ စတင်ကာ (၁၂)ရက်နေ့အထိ တစ်ပြိုင်တည်း သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)