ဝါးခယ်မ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် လုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးနေဇော်ထက်မှ ၂၀၂၃-၂၀၂၄ ထိအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ စိုက်ပျိုးရေးသုံးဆိုလာရေတင်စနစ်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းတာဝန်များကို သက်ဆိုင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးနေဇော်ထက်နှင့် ဝန်ထမ်းများ၊ စီမံကိန်းလုပ်ငန်းတွင်ပါဝင်သော ကျေးရွာပြည်သူများတက်ရောက်ကြကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)