ကျောင်းကုန်း ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ် မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ သော အမှတ်(၁)ရပ်ကွက်၊ မြင်းလမ်းကုန်းစာသင်ဝိုင်းနှင့် ကံ့ကော်စာသင်ဝိုင်းများသို့ သွားရောက်၍ စာသင်သားများ သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်နေနွယ်စံနှင့် အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် နည်းပြဆရာ(၇၂) ဦးမှ စာသင် ဝိုင်း(၇၂)ဝိုင်းဖြင့် စာသင်သား (၆၆၆)ဦး တက်ရောက်သင်ယူလျက်ရှိပြီး ဧပြီလ(၈)ရက်နေ့မှ မေလ (၂၀) ရက်နေ့ထိ တစ်ရက်လျှင် ပျမ်းမျှ(၃)နာရီနှုန်းဖြင့် ရက်ပေါင်း(၄၀)၊ နာရီပေါင်း (၁၂၀) ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)