ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာ​ပေချစ်သူအဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာပေချစ်သူများအဖွဲ့သည် စာရေးဆရာ မောင်ပေါ်ထွန်း၏ စွန့်စားမှအောင်မြင်မည် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုစာဖတ်ဝိုင်းတွင် စာပေချစ်သူဖြစ်သော အသျှင်သုမန (ကြာနီကန်ကျေးရွာ ကျောင်းတိုက်ဆရာတော်) ကြွရောက်အားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက မိတ်ဆက်စကားနှင့် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ စာ​ပေချစ်သူအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ဦးတင်ရှိန် (ရှိန်တင်ဦး-ပေါင်းတည်) က စာအုပ်ပါ အောင်မြင်သော ကိုယ်ရည်ကိုယ်သွေး၊ အောင်မြင်လိုလျှင် အရှုံးကို တိုက်ခိုက်နှင့် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတို့အား ဖတ်ကြားပြီး အဖွဲ့ဝင် မောင်အေးချမ်းက ဆရာ မောင်ပေါ်ထွန်း၏ စွန့်စားမှအောင်မြင်မည် စာအုပ်သည်အနှစ်သာရှိသော စာအုပ်ဖြစ်ကြောင်းဖတ်ကြား ဆွေးနွေးကာ စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ တက်ရောက်လာသည့် စာပေချစ်သူများက မိမိရှုထောင့်အမြင်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)