မက်မန်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မက်မန်း ဧပြီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အမှာစကားပြောကြားရာတွင် မက်မန်းမြို့၏မဟာသင်္ကြန်ပွဲတော်အား ယဉ်ကျေးမှူ အစဉ်အလာများနှင့်အညီ ကျင်းပရေး၊ သင်္ကြန်ယိမ်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူးဇော်ပွဲကျင်းပနိုင်ရေးစသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရေရရှိမှုအခြေအနေများ၊ လုံခြုံရေးကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ယိမ်းအဖွဲ့စာရင်းပြင်ဆင်ထားရှိမှုများကို ပြန်လည်ဆွေးနွေးခြင်းနှင့် ဌာနဆိုင်ရာများမှ မဟာသင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)