သံတောင်ကြီး ဧပြီ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နနွင်းများကိုလည်း တစ်ပိုင်တစ်နိုင်င်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်နနွင်းများ ဈေးကောင်းရရှိသည့်အတွက် ဒေသခံပြည်သူများ ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး အကုန်အကျသက်သာကာ တွက်ခြေကိုက်ပြီး အမြတ်ငွေများသည့်အတွက် ဒေသခံပြည်သူများ ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြသည်။
နနွင်းများကို မိုးတွင်းအချိန်တွင် စိုက်ပျိုးပြီးဆောင်းတွင်းအချိန်တွင် နနွင်းများကိုတူး၍ ရေးဆေးပေးခြင်း နူးအောင်ပြုတ်ကာ နေပူလှန်းခြင်းတို့ကို ဆောင်ရွက်ကာ ရရှိလာသည့်နနွင်းများကို အရောင်တက်လာစေရန် ဇကာများဖြင့် နေလှန်းသည်။ ထိုနောက် နနွင်းခြောက်များကို တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ ရောင်းချပေးလျက်ရှိပြီး ယခုဧပြီလ ဒုတိယပတ်တွင် သံတောင်ကြီးဒေသထွက် နနွင်းခြောက်များမှာ အရည်အသွေးကောင်းမွန်ခြင်းကြောင့် တစ်ပိဿာကျပ်(ရ၅၀၀)ထိရရှိသည့်အတွက် နနွင်းစိုက်ပျိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်နော်မူ