ချောက် ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ချောက်မြို့နယ်တွင် ဗိဿနိုးဒေသရှိ ရွှေရောင်တော်ဘုရား၌ ကျင်းပပြုလုပ်ခဲ့သည့် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာမှ ပြန်လည်ရောက်ရှိလာသည့် ချောက်မြို့မှ ရှင်အပါး (၁၆၅)ပါးအား ဝေပုလ္လဆွမ်းဆက်ကပ်လောင်းလှူခြင်းနှင့် ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန်က ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ရှင်အပါး (၁၆၅)ပါးအား အေးစေတီဘုရားကုန်းနှင့် စလင်းကျောင်းတိုက်တို့တွင် ဝေပုလ္လအာရုဏ်ဆွမ်းဆက်ကပ် လောင်းလှူခဲ့ကြောင်း သိရသည်။
ဆက်လက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်တို့က ရှင်သာမဏေရှင်အပါး (၁၆၅) ပါးအား ဆရာတော်ကြီးများက မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခြေခံကိုယ်ကျင့်တရားကောင်းမွန်စေရန်အတွက် ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပိုချပေးနေမှုအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းအား ဧပြီ ၈ ရက်မှ စတင်ဖွင်လှစ်သင်ကြားပေးခဲ့ပြီး နေ့စဥ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)