ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ပလောက် ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ပလောက်နယ်မြေမီးသတ်စခန်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ဝါသနာပါသူများ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား စာပေများလက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပလောက်မြို့ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများအား အလှည့်ကျသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)