ဘုရားသုံးဆူမြို့တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ပြည်သူများအဆင်ပြေချောမွေ့စွာမဲပေးနိုင်​ရေးအတွက် မဲရုံများအား ကြည့်ရှု့စစ်ဆေး

ဘုရားသုံးဆူ၊ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ၏ဆောင်ရွက်ထားရှိမှုအခြေအနေများအား  ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

အဆိုပါ မဲရုံများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ခရိုင်လဝကမှူး ဒုတိယညွှန်းကြားရေးမှူး ဦးကျော်ကျော်နိုင်နှင့် ဘုရားသုံးဆူမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးတိုက ဘုရားသုံးဆူမြို့အတွင်းရှိ မဲရုံများအား ပြည်သူများအဆင်ပြေချောမွေ့စွာ မဲပေးနိုင်ခြင်း ရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲရုံမှူးများနှင့်တာဝန်ကျဝန်ထမ်းများအား မဲရုံနှင့်ပက်သတ်သည့်ကိစ္စရပ်များကို အပြန်အလှန်ညှိနှိုင်းပေါင်းစပ်၍ လိုအပ်ချက်များအား ဖြည့်ဆည်းလမ်းညွှန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 စောရဲဝင်းထွဋ် (ပြန်/ဆက်)