ကျောက်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ကြီး နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ပြန်/ဆက်ဦးစီးဌာတို့ ပူးပေါင်း၍ ပိုစတာများ ကပ်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ဘေးကင်းလုံခြုံစွာ ဖြင့် ဆန္ဒမဲပေးပါ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မဲရုံအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ဆန္ဒမဲပေးခင် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ မဲရုံအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် သင်ကူညီ ဆောင်ရွက်နိုင်သည့် အချက်များ၊ လက်ခံရယူခြင်း၊ တံဆိပ်တုံးထုခြင်းနှင့် ဆန္ဒမဲပေးခြင်း၊ မဲပေးရမည့် နည်းလမ်းများကို တစ်ဆင့်ပြီး တစ်ဆင့်ကြည့်ရှုပါ။ သင်ရဲ့ဆန္ဒမဲကို လျို့ဝှက်ထားပါ၊ ကိုဗစ်-၁၉ ကြောင့် သင်၏ ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံးပါစေနှင့် စသည့်လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း ပိုစတာများကို လူစည် ကားရာ နေရာများတွင် ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
K ခိုင် ပြန်/ဆက်