သာယာဝတီ ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးအကြို မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်၊၊
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်များက ကော်မတီများအလိုက် ယိမ်းအကများစီစဉ်ရေး၊ စတုဒိသာများကျွေးမွေးဧည့်ခံရေးအတွက် ဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အထွေထွေလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်၊၊
သန့်ဇော် (ပြန်/ဆက်)