ကန့်ဘလူမြို့နယ်၌ ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကျင်းပ

ကန့်ဘလူ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းထွန်းကျော်က မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ ကြီးကြပ်ရေးမှူးများ အပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်ပညာ ရေးမှူး ဦးသန်းထိုက်၊ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဧပြီ ၈ ရက်မှစတင်၍ ကန့်ဘလူ မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် စာသင်ဝိုင်း ၃၄ ဝိုင်းတွင် နည်းပြ ၃၄ ဦး၊ ကြီးကြပ် ၄ ဦး၊ စာသင်သား ၅၁၀ ဦးတို့ဖြင့် နေ့စဥ်နံနက် ၉ နာရီမှ ၁၂ နာရီထိ ဧပြီ ၈ ရက်မှ မေ ၁၅ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)