မုံရွာ ဧပြီ ၈
မုံရွာတက္ကသိုလ်ရှိ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေး ပွဲကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာမုံရွာတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဌေးဌေးက ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဥ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ဖြစ်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ယာယီရွေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲသို့ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ စုစုပေါင်း(၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)