ဒေးဒရဲ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး ၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများသို့ သွားရောက်၍ စာသင်သားများ သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် နည်းပြဆရာ (၄၃)ဦးမှ စာသင်ဝိုင်း (၄၃)ဖြင့် စာသင်သား (၆၄၉)ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၈)ရက်နေ့မှ မေလ (၂၀)ရက်နေ့ထိ တစ်ရက်လျင် ပျမ်းမျှ ၃နာရီနှုန်းဖြင့် ရက်ပေါင်း (၄၀)၊ နာရီပေါင်း (၁၂၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း