နိုင်ငံတော်အစိုးရမှ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ဘိုကလေးမြို့နယ်မှ အရှင်သူမြတ်ကြီးနှင့် သာသနဓဇဓမ္မာစရိယဘွဲ့ရ အရှင်သူမြတ်များအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

ဘိုကလေး ဧပြီ ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ (၂၀၂၄) ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် သာသနာပြုဘွဲ့ (အဆင့်မြင့်) အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ဧရာဝတီတိုင်းဒေသကြီး ဩဝါဒစရိယ၊ ဘိုကလေးမြို့နယ် ဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာအုပ်စု၊ ရုပ်ဆိုင်ကျေးရွာ၊ ရတနာမဉ္ဇူဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် နှင့် ဘိုကလေးမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ မဟာမြိုင်စာသင်တိုက်၊ အဓိပတိမဟာနာယက ဆရာတော် ဘဒ္ဒန္တမဉ္ဇူသာရ မဟာထေရ်အရှင်သူမြတ်ကြီးနှင့် ဆရာတော်ကြီး၏ တပည့်များဖြစ် ကြသည့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရ အရှင်သူမြတ်(၃)ပါးတို့အား ယနေ့ နံနက်(၈)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ မဟာမြိုင်စာသင်တိုက်တွင် ဂုဏဝိသိဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပွဲမင်္ဂလာကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားသို့ ဂုဏ်ပြုတော်ခံကြမည့် ဆရာတော်ကြီးနှင့် အရှင်သူမြတ်များ၊ ဘိုကလေးမြို့နယ် ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ သာသနာ့ဒါယကာ/များ တက်ရောက်ကြပြီး အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ၍ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဖျာပုံမြို့၊ မင်းကျောင်းဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည် ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များက ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊  ဘိုကလေးမြို့၊ ဇေယျာဘုံမြင့် ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် အရှင်သုစိတ္တက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ဆရာ‌တော်အရှင်သူမြတ်ကြီး၏ ထေရုပ္ပတ္တိအား ဖတ်ကြားပူဇော်ခြင်း၊ အပူဇော်ခံ ဆရာတော်ကြီးနှင့် အရှင်သူမြတ်များအား တေးသံရှင်များက ဂုဏဝိသိဌပူဇာ တေးထပ်ဖြင့် သီကျူးပူဇော်ခြင်းတို့ ဆောင်ရွက်အပြီး၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ဆရာ‌တော်အရှင်သူမြတ်ကြီးနှင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရ အရှင်သူမြတ်(၃)ပါးတို့အား ဘွဲ့တံဆိပ်တော်အဆောင်အယောင်တော်များ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)