ကျုံပျော်တွင် အစိုးရပါဠိပထမပြန်စာ‌မေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကျုံပျော် ဧပြီ ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်‌ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်  ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်ဆု စူဠ ဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီ ရပ်ကွက်၊ မြတ်ချမ်းသာဘုရားတန်ဆောင်းအတွင်း၌ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆုနှင်းသဘင်အခမ်းအနား တက်ရောက်လာကြသူများက  နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အသောကရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်ထံမှ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နှလုံးသွင်းနေထိုင်ကြရန်နှင့် ဆရာဒကာ လက်တွဲညီစွာဖြင့် သာသနာဖွံ့ဖြိုးတိုးတက်‌ရေး ပူးပေါင်းဆောင်ရွက်ကြရန် စသည့် ဩဝါဒကထာများ နာကြားကြ သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက မြို့နယ်အတွင်းရှိသာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ ပစ္စည်းလေးပါ ဆက်ကပ်လှူဒါန်း‌မှုနှင့် သာသနာထွန်းကားပြန့်ပွားရေ အားထုတ်ကြိုးပမ်းပေးနေမှုများအား လျှောက်ထားပြီ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် သာသနဓဇဓမ္မာစရိယ အောင်မြင်သည့်သံဃာတစ်ပါး၊ ဒီဃနိကာယ ‌အောင်မြင်သည့် သံဃာတစ်ပါး၊ ပထမကြီးတန်း အောင်မြင့်သည့် သံဃာတစ်ပါး၊ ပထမလတ်တန်း အောင်မြင်သည့် သံဃာ (၂)ပါးနှင့် သီလရှင် ဆရာလေး(၁)ပါး၊ ပထမငယ်တန်းတွင် ဖြေဆိုအောင်မြင့်သည့် သံဃာ (၁၃) ပါးနှင့် သီလရှင်ဆရာလေး (၃)ပါး၊ အခြေပြုမူလတန်းတွင် ဖြေဆိုအောင်မြင်သည့် သံဃာ(၈)ပါးနှင့် သီလရှင်ဆရာလေး(၁)ပါးတို့ထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဌာန ဆိုင်ရာအကြီးအကဲများက စာအောင်ဆုများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ကြီးကြပ်ဆရာတော်ကြီးများ၊ စာချဆရာတော်များထံသို့ လှူဖွယ်ဝတ္ထုများ အသီးသီးဆက်ကပ်လှူဒါန်းပြီး အသောကရာမကျောင်းတိုက်ဆရာတော်ထံမှ အနုမောဓနာတရား နာကြားကြကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း ကျုံပျော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်  သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၂၈)ပါး ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)