ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားဆောင်ရွက်နေသည့် စာဖတ်ဝိုင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်၊ မီးလောင်ကျေးရွာအုပ်စု အ.မ.က - ကိုးတွင်းစဥ်ကျောင်း၌ ၂၀၂၄ ခု-နှစ်၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသင်ကြားဆောင်ရွက်နေသည့် စာဖတ်ဝိုင်းများ ဖွင့်လှစ်ထားရှိမှုနှင့် သင်ယူနေမှုအခြေအနေမျာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသင်ကြားဆောင်ရွက်ခြင်းကို ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၃) ကျောင်းမှ စာသင်ဝိုင်း (၃၆) ဝိုင်းရှိရာ စာသင်သား (၃၃၉) ဦးအား ကြီးကြပ်သူ (၄) ဦး၊ နည်းပြ (၃၆) ဦးဖြင့် ဧပြီလ (၆) ရက်နေ့မှစ၍ ရက်ပေါင်း (၄၀) ရက်အကြာ တစ်နေ့လျှင် (၃) နာရီခန့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)