ရွှေသောင်ယံ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို၊ အသောကာရာမ(မကျီး)ကျောင်းတိုက်တွင် ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်က ဗိုလ်မှူးမင်းသန့်နိုင် ဦးဆောင်သော မြို့နယ်ဌာန ဆိုင်ရာများ ပါဝင်သောအဖွဲ့နှင့် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာ များမှ ရွှေသောင်ယံမြို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာကြသော ပြည်သူလူထုအား ဝန်ထမ်းများမှ လိုက်လံဝေငှပေးခဲ့ကြသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ဗိုလ်မှူး မင်းသန်နိုင်မှ ရှင်းလင်းပြောကြားရာ စစ်မှုထမ်းခြင်းနှင့် ပတ်သက်၍ ပြည်သူများကြားအထင် အမြင်လွှဲမှားမှုများမရှိစေရေး စစ်မှုထမ်းဥပဒေဆိုင်ရာအချက်များကို ပြည်သူများတိတိကျကျ နားလည်စေရေးတို့အတွက် အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ဗိုလ်မှူး မင်းသန့်နိုင်နှင့် အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် (၁၊ ၂၊ ၃) အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)