လိပ်သို ဧပြီ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေသနေပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှု အားနည်းချက်များကြောင့် ယာဉ်တိုက်မှုများ၊ အသက်ဆုံးရှုံးမှုများ၊ ခန္ဓာကိုယ်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ယနေ့နံနက်ပိုင်းက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်တွင် ယာဉ်များနှင့် ယာဉ်မောင်းများလိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းအသုံးပြုသူများ လိုက်နာဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်များ၊ မော်တော်ယာဉ်အချက်ပြစနစ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာဥပဒေများ စသည့်အသိပညာပေးအကြောင်းအရာများကို ပြသထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)