သရက်မြို့၌ ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်းအပါး (၅၀၀၀) ရှင်ပြုမင်္ဂလာပွဲမှ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေများမှ မြို့တွင်းသို့ ဆွမ်းခံကြွရောက်

သရက် ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်မှ ရှင်အပါး(၁၅၀)အား ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ပေးနိုင်ရေးအတွက် ဧပြီ(၅)ရက် နံနက်(၆)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေသို့ စတင်ထွက်ခွာပြီး ရှင်အပါး (၅၀၀၀)ရှင်ပြုမင်္ဂလာအခမ်းအနား၌ သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ပေးခဲ့ပြီး ဧပြီ(၇)ရက် ညနေ(၅)နာရီတွင် ရှင်သာမဏေအပါး (၁၅၀)ပါး သရက်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ပြန်လည်ကြွချီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရှင်သာမဏေအပါး (၇၅)ပါးအား ယနေ့နံနက် (၆)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အာရုဏ်ဆွမ်းများလောင်းလှူဆပ်ကပ်ပြီး ရှင်သာမဏေ (၇၅)ပါးတို့က နံနက် (၉)နာရီအချိန်တွင် သာသနာ့ဗိမာန်တော်အတွင်းမှ လမ်းမတော်လမ်းတလျှောက်သို့ ဆွမ်းကြွရောက် အလှူခံရာ စေတနာအလှူရှင်များမှ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)