သရက် ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ကျေးလတ်နေပြည်သူများနှင့် တိုင်းရင်းသာပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို နည်းပြဆရာ/ဆရာမ (၂၄)ဦး၊ အဆင့်မြင့် ကျောင်းသား (၂)ဦး၊ ကြီးကြပ်သူ (၄)ဦး စုစုပေါင်း (၃၀)တို့က ယနေ့နံက်ပိုင်းမှစတင်၍ ကျေးရွာ (၂၄)ရွာတွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၂၄)ရွာမှ စာမတတ်သူ (၃၆၂)ဦးအား စာသင်းဝိုင်း (၂၄)ဝိုင်းကို နည်းပြ (၃၀)ဦးဖြင့် ဧပြီလ(၆)ရက်နေ့မှ မေလ (၂၄)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ ဧပြီ (၇)ရက်က မုဉ္ဇလီ၊ ပိတောက်ပင်၊ တလပါးကျေးရွာနှင့် စမ်းအိုင့်ကျေးရွာတို့တွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)