ပုလောမြို့နယ်၌ ရှေ့ဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

ပုလော ဧပြီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ရှေ့ဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

ရှေ့ဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းကို နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အချိန်အခါမရွေး လူမှုဂရုဏာလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်ပါဝင်လာပြီး စွမ်းရည်ပြည့်ဝသည့် ကျွမ်းကျင်သော ရှေ့ဦးပြုစုသူကြက်ခြေနီလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ၃ ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)